GSHOCK နာရီ Alarm ဘာကြောင့်မမြည်

G-shock များ၌ Alarm, Beep အလုပ်မလုပ်ခြင်း သည်ဘာ့ကြောင့်???
=====================================



                   Casio G-Shock နာရီများမှအသံထွက်ခြင်းကို Alarm နှင့် Beep ဟူ၍ ၂ မျိုးခွဲနိုင်ပါသည်။ Alarm ကတော့ နိုးစက်/အချက်ပေးမှု ပေါ့။ Beep ကတော့ နာရီခလုပ်တွေနှိပ်တဲ့အခါ တတီတီ မြည်တာပါ။
                    အဲလိုအသံမြည်ဖို့ ကို နာရီနောက်ဖုံး အတွင်း၌ ပါးလွှာသော အဝိုင်းပြားကလေးကပ်ပေးထားပါသည်။ ၎င်းအဝိုင်းပြားလေးကို Piezo electric ပြားဟုခေါ်ပါသည်။ အသံထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်သော စွမ်းအားကိုတော့ နာရီဓာတ်ခဲမှ ရယူပါသည်။ နာရီ အဖုံးဖွင့် လိုက်သောအခါ အတွင်း၌ နာရီစက်မျက်နှာပြင်အပေါ်သို့ထိုးထွက်နေသော အရာ ၂ ခုရှိပါသည်။ တစ်ခုက သေးငယ်သော စပရိန်နှင့် နောက်တစ်ခုက သံပြားအသေးလေးဖြစ်သည်။ ထိုအရာ ၂ ခုသည်နာရီအဖုံးပိတ်ထားသောအခါ အထက်က အဝိုင်းပြားလေး နှင့် အဖုံးတို့ကို သွားထိနေကြခြင်းဖြင့် လျှပ်စစ်စွမ်းအားရကာ အသံကို ထုတ်လုပ်နိင်ခြင်းဖြစ်သည်။ တစ်ချို့ model များတွင် စပရိန်အစားသံပြားအသေးလေး J ခုပါရှိတတ်သည်။ ဤသံပြားအသေးလေး J ခု သည် နာရီစက်၌ အသေတတ်ထားသည်။ စပရိန်လေးကတော့ ဖြုတ်လို့ တတ်လို့ရ၍ကျပျောက်
လွယ်သည်။


                     နာရီမှအသံများမထွက်ခြင်း၏အဓိကပြဿနာသည် နာရီဓာတ်ခဲလဲရာမှစသည်။ အောက်ပါအချက်များကြောင့်ဖြစ်သည်။
၁) ဓတ်ခဲလဲပြီး အဖုံးပြန်တတ်စဉ် အံဝင်ဂွင်ကျမဖြစ်ခြင်း
J) အဖုံးအပေါ် နှင့်အောက်မှားတတ်မိခြင်း
၃) အတွင်းရှိ စပရိန်လေးပြုတ်ကျပျောက်ဆုံးခြင်း
၄) ဓာတ်ခဲကုန်သွားသော နာရီကိုကြာရှည်စွာပစ်ထားပြီးမှ ဓာတ်ခဲပြန်လဲခြင်း
                     တို့ကြောင့် နိရီဓာတ်ခဲလဲပြီးတိုင်း ဒီ alarm/beep သံကိုစစ်ပါ။ နာရီအဖုံးကိုအကြောင်းတစ်မျိုးမျိုးကြောင့်ဖွင့်ပြီး ပြန်တပ်လျှင် အထက်ဖေါ်ပြပါအချက်များကို သတိပြု ပါ။ Gasket ("O" ring) လို့ခေါ်တဲ့ ရာဘာဝိုင်းကွင်းလေးကိုလဲ ဂရုတစိုက်သေချာစွာ နေရာတကျ ပြန်နေရာချပြီးမှ အဖုံးကိုသေချာပြန်ပိတ်ပါ။ နာရီ ရေ၀င်ခြင််း၊ ချွေးဝင်ခြင်းနှင့် မှန်ရေငွေ့ရိုက်ခြင်းများ ကိုကာကွယ်််ပေးပါလိမ့်မည်။

Comments

Popular posts from this blog

GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက

Edific ECB-500 အချိန်တိုက်နည်း

GA-110 နာရီအချိန်တိုက်နည်း