Master Of G Series များနှင့် ပြောင်းလဲလာသော Trend

GSHOCK MANDALAY Youtube Channel ကိုဒီနေရာကနေ ဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်


"Master of G Series များနှင့်ပြောင်းလဲလာသော Trend"

မနက်က ကို Kevin Kyaw တင်ထားတဲ့ Postလေးကို ဖတ်ပြီး အတွေးနယ်ချဲ့ကြည့်မယ်ဗျာ
Master of G seriesရဲ့ အစတွေကို နှိုက်နှိုက်ချွတ်ချွတ်မသိခဲ့ပေမယ့် လူသိများပြီး ရောင်းအား ကောင်းခဲ့တဲ့ မော်ဒယ်တွေကပဲစပြီး ပြောပါမယ်။

>Master of G series ဆိုတာဘာလဲ


ပတ်နေကြသူတွေ သိပြီးသားသူတွေရှိပါတယ်
အကြမ်းဖျင်းပြောရရင်တော့ ရိုးရိုးသာမာန်  G-shock ထက်ကိုမှ ဆင်ဆာတွေ Tough Solarတွေနဲ့ ထူးခြားစွာအသုံးချနိုင်ဖို့ အတွက် ထုတ်ထားတဲ့မော်ဒယ်တွေပါ။
ကုန်းကြောင်း ရေကြောင်း လေကြောင်း စသည်ဖြင့်
တောင်တက်သမားတွေ လေယာဉ်မှူးတွေ အတွက် တကယ်လည်းအသုံးဝင်အောင် ထုတ်ပေးထားတဲ့ မော်ဒယ်တွေပါ series ပေါ်မူတည်ပြီး သံလိုက်အိမ် ‌‌မြောင် ပါတာတွေ အမြင့်ပေ အပူချိန် လေဖိအားဒီရေလှိုင်း တွက်တာ စသည်ဖြင့် ကွန်ပျူတာတစ်လုံးလက်မှာ ပတ်ထားသကဲ့သို့ စုံလင်စွာပါပါတယ်

>G-shock နှင့်ပြောင်းလဲ‌လာသော Trend


 အခုနှောင်စပိုင်းမှာ G-shockရဲ့ အရမ်းအောင်မြင်ခဲ့တဲ့ Digital-Analog GA-110 series နှောင်းပိုင်းမှစပြီး G-shock ဟာ ပုံမှန်မော်ဒယ်တော်တော်များများကို Digital-Analog ထုတ်ရင် ထုတ် မထုတ်ရင် Analog only သာထုတ်တာများလာတာကိုသတိထားမိကြမှာပါ။ Digitalဆိုရင် classic model တွေဖြစ်တဲ့ DW-5600 တို့ DW-6900 တို့လောက်ပဲ အများစုကျန်တော့တာကိုသတိထားမိမှာပါ။

> Master of G seriesများ ပြောင်းလဲလာခြင်း


အရင်တုန်းက Master of G seriesတွေဟာ Digital Displayတွေကိုသာ သုံးခဲ့ကြပါတယ်။ Rangeman, Mudman, Gulfman, Gravity Master (ပုံတော့မထည့်ထားဖူး အရင်မော်ဒယ်က Riseman ထင်တာပဲ) စသည့် မော်ဒယ်များဟာ ဒီဂျစ်တယ်ဒိုင်ခွက်များကနေ
လက်တံပါတဲ့ Analog ဒိုင်ခွက်များသို့ တဖြည်းဖြည်းပြောင်းလဲလာတာကို တွေ့ရမှာပါ။ တချို့ဆို Analog-Digitalတောင်မပါတော့ပဲ Analog only ဖြစ်လာပါတယ်။ ကျနော့်tasteအရတော့ ဒီဂျစ်တယ်ကိုသာ ပိုပြီးနှစ်သက်မိပါတယ်။ တချို့သောမော်ဒယ်တွေက ဖုန်းနဲ့ ချိတ်ဆက်နိုင်တဲ့ Bluetooth featuresတွေပါ ပါဝင်လာပါတယ်။

> Hybrid Smartwatchများ နှင့် ဆန်းသစ်သော မော်ဒယ်များပေါ်ထွက်လာခြင်း


တခြားသော Master of G များဟာ တဖြည်းဖြည်းပြောင်းလဲလာသလို လုံးဝဆန်းသစ်လာတာကတော့
Rangemanပါ။ Rangemanဟာ နောက်ဆုံးမော်ဒယ်မှာ
GPSပါပြီး apple watchလို သံလိုက်ကြိုးနဲ့ အားသွင်းရတ‌ဲ့ အကြမ်းခံ Smartwatch တစ်လုံးလိုဖြစ်သွားပါတယ်။ထိုပြင်အရင်နှစ်တွေမှာလည်း Bluetooth နဲ့ချိတ်လို့ရတဲ့ Fitness tracker လိုမျိုး G-Squad seriesများပေါ်ထွက်လာပါတယ်။ ပြီးတော့ ဒီနှစ် အတွင်းမှာ ထပ်မံမိတ်ဆက်သွားတဲ့ Rangemanအ‌ခြေခံ နှလုံးခုန်နှုန်းတိုင်းတာနိုင်တဲ့ Sport Smartwatch စတိုင် G-Squad GBD-H1000 နဲ့ MIP LCDပါတဲ့ ထူးခြားတဲ့ G-Glide GBX-100ကိုလည်း မိတ်ဆက်သွားပါတယ်။

နိဂုံးချုပ်အနေနဲ့ အရင်လို G-shock Digital Watch Displayတွေကို ထုတ်လုပ်တာ လျော့နည်းလာပြီး Analog နာရီတွေသာ များလာတော့မှာပါ။ ပြီးတော့ ထူးခြားတဲ့ နာရီအသစ်တွေလည်းအများကြီးထုတ်လာဖို့ရှိနေပါတယ်။

လွတ်လပ်စွာဆွေးနွေးနိုင်ပါသည်။ အမှားပါရင် ခွင့်လွှတ်ပါ ကျေးဇူးပါဗျ။ 😊😊

G-Shock ချစ်သူများအားလုံးကိုလေးစားလျက်

Credit:  cho ko  lat

Comments

Popular posts from this blog

Edific ECB-500 အချိန်တိုက်နည်း

GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက

GA-110 နာရီအချိန်တိုက်နည်း