GSHOCK နာရီ အဟောင်းတစ်လုံးဝယ်ယူမယ်ဆို



Casio G-Shock နာရီ အဟောင်းတစ်လုံးကို ဝယ်မယ်ဆို ဘာတွေစစ်သင့်သလဲ ???
=====================================
ကျွန်တော်တို့ ယနေ့တွင် G-Shock နာရီ များကို အသစ်ဝယ်ပတ်တာရှိသလို အချင်းချင်းလဲပတ်တာလဲရှိ၊ အဟောင်းပြန်ဝယ်တာလဲရှိ၊ အကြွေးနဲ့ခြေပြီးရတာလည်း ရှိမည်။ အဲသလို နာရီဟောင်းတစ်လုံးကိုလက်ခံမည်ဆိုလျှင် အောက်ပါ အချက်များကို စစ်ဆေးပြီးမှ လက်ခံရန် တိုက်တွန်းအပ်ပါသည်။
၁) အစစ်ဟုတ်မဟုတ်စစ်ဆေးခြင်း
------------------------------------------------
တစ်ချို့က G-Shock နာရီကိုမြင်ရုံနှင့် အတုအစစ်ခွဲတတ်သည်။ တစ်ချို့က လက်ထဲကိုင်ကြည့်မှသိသည်။ အတုအစစ်မခွဲတတ်/မသေချာ ဘူးဆိုရင်တော့ နာရီနောက်ဖုံးမှာရှိသော model နံပါတ်ကို Google မှာ ရိုက်ထည့်ပြီးရှာကြည့်ပါ။ Google မှပုံနှင့် လက်ထဲရှိအလုံးကို သေချာစွာတိုက်ဆိုင်စစ်ဆေးပါ။

၂) အပြစ်အနာအဆာစစ်ဆေးခြင်း
------------------------------------------------
တစ်ချို့နရီအဟောင်းတွေ သည် အသစ်လောက်နီးပါးလတ်တာတွေ ရှိသည်။ တစ်ချို့ကတော့ခြစ်ရာ၊ပွန်းရာ၊ပဲ့ရာ ပါလိမ့်မည်။ သာမန် ပွန်းပဲ့ခြစ်ရာလောက်ကတော့ လက်ခံနိုင်ပါသည်။ အောက်ပါအချက်များတွေ.လျှင် ထိုနာရီကိုမယူသင့်ပါ။
က) နာရီကြိုး၊ နာရီအခွံတို့တွင် အအက်၊ အကွဲများပါရှိခြင်း
ခ) နာရီကြိုး၊ နာရီအခွံ များစီးကပ်ကပ်ဖြစ်နေခြင်း
ဂ) နာရီကြိုးနှင့်ကိုယ်ထည် တို့ကို တပ်ထားသောနေရာတွင်ပွန်းပဲပျက်စီးနေခြင်း။ ဤသည်ကိုတွေ့ပါက နာရီနောက်ဖုံးကိုကြိမ်ဖန်များစွာဖွင့်ထားသည်ဟု မှတ်ယူရမည်။ ဓာတ်ပုံတွင်ဖေါ်ပြထားပါသည်။ ဤသည်ကို လက်ခံမိပါက မိမိပတ်ထားသောတစ်ချိန်ချိန်တွင်နာရီကြိုးပြုတ်ထွက်၍ နာရီကျပျောက်ဆုံးရှုံးနိုင်သည်။
(ဃ) နာရီနောက်ဖုံးရှိ ဝက်အူများပွန်းပဲ့နေခြင်း
နာရီနောက်ဖုံးကိုကြိမ်ဖန်များစွာဖွင့်ထားသည်ဟု မှတ်ယူရမည်။ ရေမလုံနိုင်သော အန္တရယ်ရှိသည်။
(င) နာရီနောက်ဖုံး ပတ်ပတ်လည်ကို သံချေးစားနေခြင်းရှိမရှိစစ်ပါ။ သံချေးစားနေပါက အဖုံး နှင့်နာရီကိုယ်ထည်တို့အတူထိနေသောနေရာ၌ သံချေးစရာလေးများတွေ့နိုင်သည်။ နာရီ အဖုံးအတွင်း၌သံချေးစားနေပြီဖြစ်သည်။
၃) နိရီ၏ လုပ်ဆောင်ချက် function များစစ်ခြင်း
---------------------------------------------------------------
နာရီ၏ 7 o'clock နေရာမှာရှိသော စလုပ်ကို တစ်ချက်ခြင်းဖြေးဖြေးနှိပ်ကြည့်ပါ။ နှိပ်ရင်းနှင့် အောက်ပါအချက်များကိုစစ်ဆေးပါ။
က) alarm သံ ထွက်မထွက်၊ ခလုပ်တစ်ခါနှိပ်တိုင်း အသံတစ်သံထွက်ရမည်။ အကယ်၍ရောင်းသူမှအသံဖျေက်ထားလျှင် ပြန်ဖွင့်ခိုင်းပါ။
ခ) screen တစ်ခုချင်းဆီမှာပြသော digital digit များကိုသေချာကြည့်ပါ။ digit များပျက်မနေရပါ။
တစ်ချို့နာရီများသည် နှစ်ကြာလာလျှင် digit များကွက်၍ပျက်တတ်သည်။ ဥပမာ- G-9200 Riseman.
ဂ) ညကြည့်မီးခလုပ်ကို နှိပ်၍စစ်ပါ။ စီးစီးလေးရှိနေရမည်။ အခြားခလုပ်များလည်း ဤသို့ပင်ဖြစ်ရမည်။
ညကြည့်မီးလင်းသည်ကိုစစ်ပါ။ မီးသည် စလင်းသည်မှပိတ်သွားချိန်အထိ အလင်းရောင်သတမတ်ထဲရှိရမည်။ စလင်းပြီးမီးအလင်းရောင်ခုန်နေ/မှိတ်တုပ် ဖြစ်နေလျှင်မကောင်းပါ။ မီးခလုပ်နှိပ်လိုက်သောအခါ မီးမလင်းပဲနာရီ display တစ်ခုလုံးပျောက်သွားလျှင် နာရီဓာတ်ခဲအားနဲနေပြီဖြစ်သည်။ နာရီဓတ််ခဲကို ရောင်းသူကိုပြန််လဲခိုင်းပြီးမှ ပြန်စစ််ပါ။


၄) LCD screen ရှိ Digit များစစ်ခြင်း
-------------------------------------------------------------
Digital model နာရီများရှိ Digit များ ကောင်းကောင်း ပြမပြ ကိုစစ်ဆေးခြင်းဖြစ်သည်။
7 o'clock, 10 o'clock နှင့် 2 o'clock ရှိ ခလုပ်သုံးခုကို ပြိုင်တူ တစ်ချိန်တည်း နှိပ်လိုက်ပါ။ LCD screen ၌ ရှုပ်ထွေး၍ဖတ်မရသော digit များပေါ်လာမည်။ ၎င်းနောက် 5 o'clock ရှိခလုပ်ကို တစ်ချက်ခြင်းနှိပ်ပြီး screen တစ်ခုခြင်းဆီကိုပြောင်း၍ ပေါ်လာသော digit များကို စစ်ပါ။ digit များမှိန်နေခြင်း၊ ပျက်တောက်နေခြင်း တို့မရှိစေရပါ။
solar model များအတွက်
--------------------------------------
က) battery power အားကိုစစ်ရန်။ M(medium) နှင့် H(high)တို့မှာရှိနေရမည်။ L(low) ကိုပြနေလျှင် နရီ၏. function အားလုံး အလုပ်လုပ်မည်မဟုတ်ပါ။ ညကြည့်မီးလည်း လင်းမည်မဟုတ်ပါ။ L ၌ပြနေသော နာရီကိုလက်မခံသင့်ပါ။ Function များစစ်၍မရသောကြောင့်ဖြစ်သည်။ Analog နာရီများ၌ model ပေါ်မူတည်၍ battery level ပြပုံကွဲပြားသည်။ အကောင်းဆုံးကတော့ Light button ကို အခါ ၂၀ လောက် နှိပ်ကြည့်ပါ။ တစ်ခါနှိပ်ပြီး မီးလင်းသည်မှ မီးငြိမ်း သည်အထိ စောင့်ပြီးမှ နောက်တစ်ခါ ထပ်နှိပ်ပါ။ Rechargable battery အားကို သိုလှောင်ထားနိုင်စွမ်းနည်းနေလျှင် ဤ test ကိုမအောင်မြင်နိုင်ပါ။ battery အသစ်လဲရမည်။
ခ) နာရီအတွင်းမျက်နှာပြင်ရှိ Solar ပြားကိုစစ်ပါ။
Solar ပြား ၌ အကွက်တစ်ချို့တွေ့လျှင် Solar ပြား ၏ စွမ်းဆောင်ရည်ကျနေပြီဖြစ်သည်။



Analog model များအတွက်
------------------------------------------
Analog နာရီများကတော့ digit စစ်ရန်မဖြစ်နိုင်ပါ။ Digi-Ana ဆိုရင်တော့ဖြစ်နိုင်သည်။
Analog နာရီများကို အဟောင်းပြန်ဝယ်လျှင် function စစ်ရတာသိပ်တော့ မလွယ်ပါ။
အောက်ပါများကိုတော့ အနည်းဆုံး အနေနှင့်စစ်ဆေးပေးပါ။
က) လက်တံများ တထပ်တည်းကျမကျစစ်ပါ။ နာရီလက်တံကို အချိန်တစ်ခုသို့ လှည့်၍ နာရီလက်တံ နှင့်
မိနစ်လက်တံတို့ ကိုစစ်ပါ။ ဥပမာ- ၁၀ နာရီသို့လှည့်ထားလျှင် နာရီလက်တံသည် "၁၀" အတိ၌ရှိရမည်ဖြစ်ပြီး မိနစ်လက်တံသည် "၁၂" အတိ ၌ရှိရမည်ဖြစ်သည်။ G-Shock များ၌ ထိုလက်တံများကို ပြန်လည်ချိန်ညှိသော function ပါရှိသည်။ ချိန်ညှိခိုင်းပြီး ပြန်စစ်ပါ။ ဒီပြဿနာသည် GWN-Q1000 model တွင်အဖြစ်များသည်။ ပြန်ချိန်ညှိပြီးသည့်တိုင် ရက်အနည်းငယ်ကြာသောအခါ ပြန်လွဲသွားတတ်သည်။
ခ) Crown (နာရီလက်တံလှည့်တံ) ကို လှည့်ပြီး (unlock) လုပ်ပြီး နှိပ်ကြည့်ပါ။ အလွယ်တကူနှိပ်လို့ရရမည်။ spring တွန်းကန်အားအနည်းငယ်ရှိရမည်။
ဂ) နာရီလက်တံ ၃ ခုဆုံရာအလယ် ၌ မည်သည့် ဆေးပွန်းရာ၊ ပဲ့ရာ၊ ပျက်ရာ မရှိစေရ။ ရှိလျှင် နာရီကို အကြောင်းတစ်မျိုးကြောင် ဖွင့်ပြီး လက်တံများကို ကိုင်ထားပြီးဖြစ်သည်။ နာရီ ဒိုင်ခွက်ထဲရှိ အခြား လက်တံတလေးများကိုလည်း ထူနည်းတူစစ်ဆေးရမည်။
ဃ) Pilot နာရီများတွင် fly back function ကိုစစ်ပါ။ ဒီ function က ကြောင်တတ်သည်။

ABC နာရီများအတွက်
---------------------------------
Altitude, Barometer နှင့် Compass ပါသောနာရီများဖြစ်သည်။ ဒီ function တွေဟာ နာရီ ၂ လုံးယှဉ်၍တိုက် စစ်လျှင်တာင် နဲနဲလွဲနေတတ်သည်။ ပြဿနာမရှိပါ။ ပြန်လည်ချိန်ညှိနိုင်သော function ပါရှိပါသည်။ function တစ်ခုစီကိုနှိပ်၍ digit များကောင်းကောင်း ပေါ် မပေါ် စစ်သင့်သည်။Barometer ကိုတစ်ချို့က ပါးစပ်မှလေကို sensor ၌တေ့၍မှုတ်ပြီးစမ်းကြသည်။ ခုလို Covid ကာလတွင်စမ်းရန်မသင့်တော်ပါ။ သာမန် ခလုမ်နှိပ်ပြီးပဲစမ်းပါ။ Barometer function ခလုပ်ကို နှိပ်၍ လေထုဖိအားကိုကြည့်ပါ။ 1005 mb နှင့် 1020 mb ကြားတွင်ရှိရမည်။ တောင်ပေါ်ဒေသတွင်တော့ 1005 mb ထက်နည်းမည်။ Altitude ကိုမိမိရောက်နေသော နေရာကို လိုက်၍စစ်နိုင်သည်။ ရေမျက်နှာပြင်အထက် အမြင့်ပေကို တိုင်းခြင်းဖြစ်၍ အကယ်၍မိမိက မြေကြီးပေါ်မှာ ရပ်နေလျှင် Altitude ၅ မီတာလောက်ပြနေသင့်သည်။ Compass ကိုတော့ ဖုန်းထဲ compass Apps install လုပ်၍စစ် နိုင်သည်။ Sensor ပေါက်ကိုသေချာ ဓာတ်မီးထိုး၍ စစ်ပါ။ သဲ၊ ရွှံ့ နှင့် အမှိုက်များရှင်းလင်းနေရမည်။ Sensor ပေါက်ကို တစ်ခုခုနှင့်ထိုး၍ သန့်ရှင်းရေးသွားမလုပ်ပါနဲ့။ Memberane ပေါက်ပြီး နာရီထဲ ရေ၀င်သွားမည်။
အထက်ပါ အချက်အားလုံးကို ကိုယ်က မစစ်တတ်လျှင် တတ်သိနားလည်သူတစ်ယောက် ကိုခေါ်သွား၍ စစ်ဆေးစေပါ။
နာရီအဟောင်းပြန်ဝယ်တာ အသစ်ဝယ်တာထက် ဈေးသက်သာပေမယ့် နည်းနည်း အာရုံနောက်သည်။ Analog နာရီတွေဆိုပိုဆိုးသည်။
G-shock နာရီတွေက အကြမ်းခံတယ်ဆိုပေမယ့်
အထက်ဖေါ်ပြခဲ့သော အရာများ၌ အမှတ်မထင် မတွေ့လိုက်၊ မမြင်လိုက်ပဲ လွတ်သွားတတ်သည်။ ရောင်းသည့် သူဘက်ကလည်း သတိထားမိချင်မှထားမိမည်။ ဝယ်သူမှ မဝယ်မှီသေချာစွာစစ်ဆေး၍ ဝယ်ယူခြင်းအားဖြင့် နောင်တွင်ဖြစ်ပါ်လာနိုင်မည့်မလိုလားအပ်မှုများကင်းဝေး၍ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါသည်။

Comments

Popular posts from this blog

GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက

Edific ECB-500 အချိန်တိုက်နည်း

GA-110 နာရီအချိန်တိုက်နည်း