Casio G-Shock နာရီများ၏ Model code နံပါတ်ကိုဘယ်လိုဖတ်???
====================================





            ၂၀၀၈ ခုနှစ်တွင် Casio G-Shock နာရီတစ်လုံးစရခဲ့သည်။ တစ်နေရာကပြန်လာသော ဘကြီးလက်ဆောင်ပေးခြင်းဖြစ်သည်။ အဲဒီတုန်းက Casio G-Shock ကိုကြားတော့ကြားဖူးသည်။ ဈေးကြီးတဲ့ ပလက်စတစ်နာရီ ဟုသာသိခဲ့သည်။ သာမန် Casio နာရီလေးတွေတော့ပတ်ခဲ့ဖူးပါသည်။
              လက်ဆောင်ရခဲ့တဲ့ G-Shock လေးကနဲနဲဆန်းတယ်(ထိုခေတ်ထိုအခါကပေါ့ဗျာ)။ solar power, world time, Auto EL light မီးစုန်း ပါ။ Memory  အခု ၃ဝ လောက်လဲမှတ်နှိုင်။ ဒိုင်ခွက်ကလေးကလည်း ဆန်းတယ််။ ဒီနာရီလေးနဲ့ သင်္ကြန်မှာကဲတော့လည်း ရေစိုခံနိုင်။ နာရီလေးက Size မကြီး၊မသေး ဆိုတော့ လက်မှာပတ်ရတာတော်တော်လေး အဆင်ပြေတယ်။
               ကျွန်တော့ဒီနာရီလေးကို တွေ့ပြီး သူငယ်ချင်းတစ်ယောက်က ကြိုက်လို့ သူ့အသိတစ်ယောက်နဲ့  နိုင်ငံတစ်ခုမှ မှာလိုက်တယ်။ နာရီသူ့လက်ထဲရောက်လာတော့ ကျွန်တော့နာရီလိုမဟုတ်ဖူး။ ဖွဲ့စည်းတည်ဆောက်ပုံအားလုံးတူတယ်။ Function တွေအားလုံးလဲတူတယ်။ သူ့ဟာလည်းအနက်၊ ကိုယ့်ဟာလည်းအနက်။ ဒါပေမယ့် နာရီက အရောင်တော့နဲနဲ ကွဲနေတယ်။ သူငယ်ချင်းကစိတ်ပြတ်ပြီး လာပြတယ်။ "မင်းအကောင်တိုင်း သေခြာမှာလိုက်တာ ရောက်လာတော့ ......... တလွဲ" တဲ့။
ကိုယ်လဲ ကိုယ့်နာရီအစစ်မှဟုတ်ရဲ့လားလို့  ပြူးပြဲပြီး ပြန်ကြည့်ရတာပေါ့၊၊
                   သူ့နာရီလည်း G-Shock အစစ်ဆိုတာသေချာတယ်။  ဒါနဲ့ J ယောက်သား ဒီလို အရောင်လွဲ  တာကို ဘာ့ကြောင့်ဆိုတာ ရှာကြမယ်ပေါ့။ ၂ ရက်၊ ၃ ရက်လောက်နေတော့ အဲဒီ စူးစမ်းခြင်စိတ်လဲ ဘယ်ရောက်သွားမှန်းမသိ။
                    ဒီလိုနဲ့ အတော်လေး နှစ်တွေကြာလာတော့မှ G-shock product Line ကို နဲနဲ နားလည်လာပြီး ဘာ့ကြောင့် ဆိုတာ သိတော့တယ်။
                    Casio မှ ၎င်း၏နာရီများကို ထုတ်လုပ်ပြီး ဈေးကွက်အတွင်သို့ တင်ပို့ရောင်းချရာ၌ code နံပါတ်တွေ သုံးထားပါသည်။ နာရီပုံစံအမျိုးအစား Digital (သို့) Analog ၊ နာရီ model နံပါတ် ၊ နာရီအရောင် ၊ နာရီကိုတင်ပို့ရောင်းချမည့် ဒေသ/နိုင်ငံ (ဥပမာ- ဂျပန်ပြည်တွင်းသုံး၊ အာရှနိုင်ငံများသုံး၊ ဥရောပနိုင်ငံများသုံး၊ အမေရိကန်နိုင်ငံသုံး စသဖြင့်)
စသည်တို့ကို code (အင်္ဂလိပ် အက္ခရာစာလုံးများ ၊ နံပါတ်မျာ) သုံး၍ ဖေါ်ပြလေ့ရှိပါသည်။ တစ်ချို့ model များတွင် နာရီ၏ကိုယ်ထည်ကို မည်သည့် သတ္ထုပစ္စည်း ဖြင့်ပြုလုပ်ထားသည်ကို code သုံး၍ဖေါ်ပြသည်များလည်းရှိပါသည်။
                    သူငယ်ချင်၏နာရီ အရောင်မှားသောကိစ္စသည် အထက်ပါအချက်များကြောင့်ဖြစ်သည်။ ကျွန်တော့နာရီကိုမြင်ပြီးသဘောကျတော့ သူလဲတစ်လုံးလောက်မှာမယ်ဆိုပြီး နာရီ အမျိုးအစားနှင့် နံပါတ်တွေကိုမှတ်ကြသည်။ "G-shock Casio 2184  G-2300" "အမဲရောင်" လို့  သူငယ်ချင်းက သူ့အသိိကို ပြောလိုက််သည်။ ရောက််လာတော့နာရီက အရောင််တလွဲကြီး။ ကျွန်တော့နာရီမှာလည်း ဒီီနံပါတ်တွေပဲရေးထားတာပဲဲ။
                    အမှန်က နံပါတ် 2184 သည် နာရီ၏စက် (module) နံပါတ်။ G-2300 သည် နာရီအမျိုးအစားနှင့် model နံပါတ်တို့ဖြစ်သည်။ ဤနံပါတ်များကို နာရီ၏ နောက်ဘက်အဖုံးတွင်ရေးထား ပါသည်။ နာရီ၏ product line  Code နံပါတ် အပြည့်အစုံကို အဖုံးတွင်ရေးမထားတတ်ပါ။ Code နံပါတ် အပြည့်အစုံကို နာရီ၏စက္ကူဘူးပေါ်  နှင့် နာရီ tag စက္ကူပြားလေးပေါ်တွင်သာ ရိုက်နှိပ်ထားပါသည်။
                    Casio  G-Shock များ၏ Product line Code ကို ဖတ်ရန်အတွက် code ကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုသည်ကို သိရန်လိုအပ်ပါသည်။ အများသူငါ လွယ်ကူစွာဖတ်တတ်နိုင်ရန်code ဖွဲ့စည်းပုံကို အကျဉ်းချုံး၍ ကြိုးစားတင်ပြထားပါသည်။ ဓါတ်ပုံထဲတွင် ကြည့်နိုင်ပါသည်။
                    အရင်တုန်းကဆိုလျှင် တစ်ချို့ Casio G-Shock နာရီများကို  နိုင်ငံ Code အလိုက် ဝယ်မှအဆင်ပြေပါသည်။ များသောအားဖြင့် အပူချိန်၊ လေဖိအား၊ အမြင့်ပေ တိုင်းနိုင်သော နာရီများနှင့် Wave Ceptor (Multi Band 3) နာရီများကိုဝယ်လျှင်ဖြစ်တတ်သည်။ ဂျပန် ပြည်တွင်းသုံးရန်ထုတ်ထားသော နာရီကိုဝယ်၍ အမေရိကန်နိုင်ငံတွင်သုံးပါက ပြဿနာရှိနိုင်သည်။ အချိန်ပဲကြည့်၍ရနိင်မည်။  အပူချိန်၊ လေဖိအား၊ အမြင့်ပေ များတိုင်းလျှင် တိုင်းတာသောယူနစ်များမတူ၍ အဆင်မပြေမှုများရှိနိုင်သည်။ MB 3 ဖြစ်၍ အမေရိကန် station signal ကို မမိနိုင်ပါ။
                    ယနေ့ခေတ်နာရီများတွင်တော့ဒီပြဿနာမရှိတော့ပါ။ ယူနစ်များကို အသုံးပြုသူမှ မတိုင်းတာမှီလွယ်ကူစွာ ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ MB 6 ဖြစ်သောကြောင့် station 6 ခုလုံးမှ signal ကိုဖမ်းယူနိုင်ပါသည် ။
                   အထက်တွင်ဖေါ်ပြခဲ့သော model G-2300 ကို Casio မှ မျိုးမျိုးသော အရောင်ခွဲများဖြင့်မျက်စိလည်လောက်အောင်ထုတ်လုပ်ခဲ့ပါသည်။ ထို့ပြင် G-2310, G-2100WC, GW-2310BD စသော model မြင့်များကိုလည်း ထုတ်လုပ်ခဲ့ပါသည်။
GW-2310BD သည်သူမတူအောင်အရမ်းမိုက်သော
အရမ်းရှားပါးသော model ဖြစ်ပါသည်။ အများသူငါသရေကျစေရန် တင်ပြထားပါသည်။
GSHOCK MANDALAY. Youtube Channel ကိုဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်
Kevin Kyaw

Comments

Popular posts from this blog

GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက

Edific ECB-500 အချိန်တိုက်နည်း

GA-110 နာရီအချိန်တိုက်နည်း