GA-700 / 710 0 Setting ချနည်း
**************************************
မင်္ဂလာပါ.
ကျွန်တော် ပြီးခဲ့တဲ့ တစ်ပါတ်က GA-110 0 Setting ချနည်းပြောပြခဲ့ပါတယ်။ GSHOCK နာရီအချိန်တိုက်
နည်းကလွယ်ကူရိုးရှင်းပါတယ်။ Digital နာရီမှန်အောင်တိုက်ပေးလိုက်တာနဲ ့ Analog လက်တံအချိန်တွေ
Auto တိုက်ပေးတာမို ့တကယ္ကို လြယ္ကူတဲ့ နာရီတိုက်နည်းပါ။
နာရီအချိန်တိုက်ဖို့လုပ်ဆောင်ချက်တွေ လေ့လာရင်း နာရီရဲ့ Setting ချထားတဲ့
အပိုင်းထိ ၀င်ရောက် နှိပ်ရင်း ၊ပြုရင်းနဲ ့Setting တွေလွဲကုန်တက်ပါတယ်။ အဲ့ဒီအခါမှာတော့
အစောကကျွန်တော်ပြောသလို သာမန်အချိန်တိုက်နည်းနဲ့တိုက်မရတော့ပဲ နာရီ Digital အချိန် ဘယ်လိုတိုက်တိုက် လက်တံတွေက သူပြချင်တဲ့အချိန်လိုက်ပြနေတော့ အခက်အခဲတွေဖြစ်ကုန်ကြရပါတယ်။
အခုကျွန်တော်ပြောပြထားတဲ့ 0 Setting တိုက်နည်းလေးသာ သိထားခဲ့ရင် အရမ်းကိုလွယ်ကူနေ
တဲ့ကိစ္စလေးမို့ ချက်ချင်းဖြေရှင်းနိုင်မှာပါ။ ကိုယ့်မိတ်ဆွေ သူငယ်ချင်း နာရီလေး ကောက်ယူပြီး အခုပြောပြ
တဲ့ ပုံသေထားရမဲ ့လုပ်ဆောင်ချက်တွေထဲက နည်းနည်းလောက် လွဲစေအောင်လုပ်ပြီး သူငယ်ချင်းတွေ
အချင်းချင်း ဆေးထိုးလို့ သိပ်ကောင်းစေမှာပါ။( အတက်ကောင်းသင်ပေးတာ.)
GSHOCK နာရီအချိန်တိုက်နည်းများ ဝင်ကြည့်ရန်
GA-700,710 0 Setting ချနည်း
*************************************
အဆင့်(၁) Adjust ခလုတ္ကို ကြာကြာဖိထားပေးပါ။ နာရီဒိုင်ကွက်ထဲ H-Set 0:00 ခုန်နေသည်ထိ
နွိပ္ထားပါ။ အသံနှစ်ချက်မြည်မှ Adjust ခလုတ်ကိုလွတ်ပါ။
အဆင်(၂) Start,Reset ခလုတ် နှိပ်ပြီး နာရီလက်တံများ 12:00 နာရီတွင်ရောက်အောင်
ထားပေးရမည်ဖြစ်ပါသည်။
အဆင့်(၃) နာရီလက်တံများ12:00 နာရီသို ့ရောက်ပါက Adjust ခလုတ်နှိပ်လိုက်ပါ။ Digital နာရီ
အချိန်အတိုင်း နာရီလက်တံများ လည်း၍ တိုက်ပေးပါလိမ့်မည်။
ပုံမှန်အချိန်တိုက်နည်း
**************************************
၁။ Adjust ခလုတ္ဖိပါ။ အသံမြည်ပြီးရင် ဖိထားသော ခလုတ်လွတ်လိုက်ပါ။ ဒိုင်ကွက်အတွင်း
RGN ပြပြီး ခုန်နေမည်။ RGN မျပပါက Start,Reset ခလုတ်နှိပ်၍ RGN ထားပေးပါ။
၂။ Mode ခလုတ်နှိပ်၍ ကိုယ်အချိန်တိုက်ချင်သည့် နာရီ ၊ မိနစ် အထိိသြားပါ။ ကိုယ်ပြောင်းချင်
သည့် ၊ နေရာမှ စာလုံးများခုန်လျှင် Start , Reset ခလုတ်နှိပ်၍ အမှန်တိုက်ပေးနိုင်ပါသည်။
၃။ နာရီအချိန်များအားလုံး တိုက်ပြီးပါက Adjust ခလုတ်နှိပ်လိုက်ပါ။
ပုံမှန် အချိန်တိုက်နည်းဖြင့် ဆောင်ရွက်မရပါမှ 0 Setting ပြန်ချပြီး ပုံမှန်အချိန်ပြန်တိုက်ကြည့်ရ
မည်ဖြစ်ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။။။
အကြည်(Admin)
Comments
Post a Comment