GBA-400 GMIX (Bluetooth) နာရီ ဘာတွေ အသုံးပြုလို့ရလဲ



GSHOCK နာရီ Review Video များကို ဝင်ရောက်ကြည့်နိုင်သည်


"GMIX (GBA-400) မှာBluetooth လုပ်ဆောင်ချက်က ဘာတွေသုံးလို့ရလဲ"


Music Control
****************

GMIX နာရီတွေမှာ Bluetooth ပါ၀င်တာကြောင့် Smart Phone ဖြင့် ချိတ်ဆက်ပြီး Music Contorlလုပ်ဆောင်နိုင်ပါတယ်။ ပထမဦးစွာမိမိရဲ့ဖုန်းအတွင်း GMIX,GSHOCK+ Application ထည့်သွင်းထားပြီး နာရီရဲ့Bluetooth နဲ့ချိတ်ဆက် အသုံးပြုရမှာဖြစ်ပါတယ်။ သီချင်းကျော်ခြင်း ၊ ရပ်ခြင်း ၊အသံအတိုးအကျယ်ပြုခြင်းတို့ကို နာရီမှ ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
GMiX App ဒေါင်းရန် https://bit.ly/2y69qoD
GSHOCK+ App ဒေါင်းရန် https://bit.ly/3bIR4c9

Watch Setting
***************

ဖုန်းထဲရှိ GSHOCK+ App ကိုအသုံးပြုပြီး နာရီအချိန်များ Control ပြုလုပ်နိုင်သည်။
World Time Setting များ၊ Basic Time Setting များ ၊ Alarm Time များ ၊Timer Setting အစရှိသည်တို့ကို App ထဲကနေ နာရီကို Control လုပ်နိုင်ခြင်း ဖြစ်ပါတယ်။








Phone Finder
***************
ဒါ့အပြင် Phone Finder လုပ်ဆောင်ချက်​ပါဝင်တာကြောင့် မိမိ Bluetoothချိတ်ဆက်ခဲ့သော Phone ကို Alarm ပေးပြီး ပြန်ရှာလို့ရပါတယ်။( အကွာအဝေးကန့်သတ်ချက်ရှိ)
မိမိရဲ့ဖုန်းကို အံဆွဲထဲထည့်ထားမိတာ ၊ စာပွဲပေါ်ချွတ်တင်ထားမိတာ ၊ကျောပိုးအိတ်ထဲထည်ထားမိတာ အစရှိသဖြင့် အလွယ်တကူမမြင်နိုင်ပဲ ရှာဖွေရခက်နေချိန်မှာ Finder နဲ့ Alarm ပေးပြီး ပြန်ရှာတာမျိုးပါ။

Bluetooth Connectivity
*************************







Time Management
App နဲ့ Phone ကြားက Bluetooth ရဲ့ လုပ်ဆောင်နိုင်စွမ်းတစ်ခုကတော့ Daily ချိတ်ဆက်ထားရင် Current Time Zone ဖြစ်အောင် ချိန်ညှိပေးနိုင်ပါတယ်။ ကိုယ့်နာရီက တစ်ခြား Time Zone ဖြစ်ခဲ့ရင်တောင် Phone နဲ့ ပြန်လည်ချိတ်ဆက်တဲ့အခါ ၊ အချိန်ပြန်တူညီသွားတာမျိုးပါ။ ပြောရရင် အလွယ်အချိန်တိုက်နည်းတစ်ခုပေါ့..😁


Sound Hound
***************


နာရီနှင့်ဖုန်းချိတ်ဆက် အသုံးပြုနေစဉ်မှာ မိမိဖုန်းမှာ Internet လိုင်းဖွင့်ထားပါက တစ်ခြားဖုန်းမှ ဖွင့်သည့်
English သီချင်းအမည်နှင့် သီဆိုသူ အမည်ကို မိမိဖုန်းရှိ Sound Hound Appမှာဖော်ပြပေးပါတယ်။
Sound Hound App ဒေါင်းရန် https://bit.ly/2ySbQYk

Comments

Popular posts from this blog

GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက

Edific ECB-500 အချိန်တိုက်နည်း

GA-110 နာရီအချိန်တိုက်နည်း