GSHOCK /BABYG နာရီတွေ ညစ်ပေရင် ဘယ်လိုဆေးကြောရမှာလဲ
မင်္ဂလာပါGSHOCK MANDALAY FAN
GSHOCK/BABYG နာရီတွေ ညစ်ပေခဲ့ရင်၊ဘယ်လိုဆေးကြောလို ့ရသလဲ။ တကယ်ကိုသိထားသင့်
သောကိစ္စလေးဖြစ်ပါတယ်။ နာရီတွေဟာ လက်မှာအမြဲ၀တ်ဆင်ထားကြတာမို ့ အလြယ္တကူကို ညစ်ပေ
လွယ်စေပါတယ်။ နေ့စဉ်နဲ့အမျှအသုံးပြု ၀တ်ဆင်နေပေမဲ့ ကျွန်တော်တို့တွေဟာ နာရီကိုသန့်ရှင်းအောင်ပြု
လုပ္ဖို ့ကိစ္စမေ့နေခဲ့ကြပါတယ်။ တစ္လေနလို ့တစ်ခါတောင် နာရီကို ဆေးကြောသန့်ရှင်းဖို ့မလုပ်ကြပါဘူး။
အောက်မှာဖော်ပြထားတဲ့ ကျွန့်တော့နာရီဆို (၆)လလောက်ရှိပြီဆေးကြောမှုမလုပ်ဖြစ်ခဲ့ဘူး(ကိုယ်ညစ်ပတ်
တာလူတွေသိပါပြီ.) တက်နိုင်ဘူးအေရေးရမှာပါပဲ။
GSHOCK,BABYG နာရီတွေမှာ အရောင်စုံ ၊ ကာလာစုံနဲ့လာတာမို ့အရောင်နုလေးတွေ နဲ ့အရောင်
ဖျော့ဖျော့လေးတွေဆို ၀ယ်ယူစဉ်ကပင် စဉ်းစားရွေးချယ်သင့်ပါတယ်။ အလွယ်တစ်ကူညစ်ပေစေနိုင်တဲ့
အရောင်တွေဖြစ်လို ့စွန်းထင်းသွားခဲ့ရင် တကယ္ကို ပြန်ဖျက်ဖို ့ခက်ခဲစေမှာဖြစ်ပါတယ်။ အောက်ဓါတ်ပုံထဲ
ကလိုအညစ်ပေခံတဲ့ အရောင် ၊အနက်ရောင် (သို) အရောင်ရင့်ရင့်တွေအတွက်ကတော့ ကျွန်တော့်လိုမျိုး
(၆)လေနမွ တစ်ခါဆေးတာ ကိစ္စမရှိပေမဲ့ ၊ကျန်းမာရေးရှုထောင့်ကကြည့်ရင်အတော်ဆိုးဝါးနေမှာပါ။
ဒါကြောင့် မိမိရဲ ့နာရီမ်ားကို မကြာခဏဆေးကြောသန့်ရှင်းဖို ့မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။
ဒါပေမဲ့လည်း CASIO နာရီများနဲ့ GSHOCK,BABYG နာရီတွေဟာ ကာဗွန်ဖိုက်ဘာတွေနဲ့သာ အများဆုံး
အသုံးပြုထားတာမို ့ဆေးကြောသန့်ရှင့်တဲ့အခါမှာသတိထားဆောင်ရွက်သင့်ပါတယ်။ တစ်ခြား ၊ တစ်ခြားသောအရောင်ချွတ်ဆေး ၊ လက်သည်းဖျက်ဆေး ၊ တင်ဒါများဖြင့် လုံး၀(လုံး၀)ဆောင်ရွက်လို ့မရပါဘူး။
နာရီတစ်လုံးဆေးကြောဖို ့အတွက်ကသိပ်ပြီးတော့မခက်ခဲပါဘူး။ ဆောင်ရန်၊ ရှောင်ရန်အနည်းငယ်လေးသာသိထားမယ်ဆိုရင် ကိုယ့်အနီးအနားမှာ ရှိနေတဲ့ အရာပစ္စည်းတွေနဲ ့ချက်ချင်းဆောင်ရွက်လို့ရပါတယ်။
ဆောင်ရန်အချက်လေးတွေဖြစ်တဲ့ ကျွန်တော်ပုံထဲမှာပြထားတဲ့ သွားတိုက်တံ ၊ ခဲဖျက်(ဖော့ဖျက်) ၊နားကျပ်တံအ၀တ်ဖြုစွတ်သန့်သန့်နဲ ့ရေသန့်သန့်လေးသာရှိရင် အဆင်ပြေပါတယ်။ ဒါကေတာ့ သာမန်နေ ့စဉ်ဆေးလို့ရတဲ့နည်းလေးပါ(အိုကွယ်..နာရီရေချိုးနည်းများ အဆန်းလုပ်ပြောနေတယ်) မထင်ပါနဲ့ဗျာ။
ဟုတ်ကဲ့။ အထက်မှာကျွန်တော်ပြောပြခဲ့တာတွေကဆောင်ရန် အချက်တွေမို ့သိပ်အရေးမကြီးပါဘူး။
ဒါဆို ရှောင်ရန်အချက်တွေက ဘာတွေလဲ ပြောစရာလိုလာပြီ ( ပြောကိုမပြီးတောဘူး..)။ သီးခံဖတ်ပေးပါ
ပရိတ်သတ်ကြီးတို ့ရယ်(စိုင်းစိုင်းလေသံဖြင့်)း)။ နာရီကို ဆေးကြောဖို ့ခွက်တစ်ခွက်လိုပါမယ် ၊ ထမင်းစား
ဇလုံလည်းရပါတယ်။စတီးချီုင့်နဲ့ထည့်ဆေးလို့လည်းOK ပါတယ်။ ဒါပေမဲ့ဆီ ပါလို ့တော့လုံး၀မရဘူးနော်။
ကာဗွန်ဖိုက်ဘာနာရီတွေ ဖြစ်တာမို ဆီတော့ထိမရပါဘူး ၊ဓါတ်ဆီ ၊စက်ဆီ၊နှမ်းဆီ (နီနီခင်ဇော်သီချင်း)ဆိုပြနေတာမဟုတ်ရပါဘူး။ တကယ်တော့ စက်ဆီအမျိိုးမျိုး စားသုံးဆီတွေနဲ့ထိရင် အရောင်တွေ ကျွတ် ၊ဆေးတွေကွာ၊ ကြိုးတွေ ကျွတ်ဆက်သွားပါလိမ့်မယ်။ ဒါကြောင့်မို ့အထူးအထူး သတိပေးရခြင်းဖြစ်ပါတယ်။
ညစ်ပေနေတာတွေ ဆေးကြောဖို ့ဆပ်ပြာဆီ ၊ သွားတိုက်ဆေး ၊ ကိုယ်တိုက်ဆပ်ပြာရည် (ကိုယ်တွေသုံး
တဲ့ လိုက်ဘွိုင်ပဲသုံးရပါတယ်) နိုင်ငံခြားက ကြ်န္မညီမ ဆပ်ပြာတော့မလုပ်နဲ့နော်။။ ရေနဲ့ရောမွှေလိုက်ပြီး ၊ပုံမှာ ကျွန်တော်ပြထားသလို သွားတိုက်တံနဲ့ထပ်ခါထပ်ခါ ဆေးပေးပါ။ နာရီခလုတ်တွေ
ကို နှိပ်တာမျိုး ၊ ဖိတာမျိုးကိုတော့ ရေနဲ ့အသုံးပြုနေစဉ်မှာရှောင်ရှားပေးရမှာဖြစ်ပါတယ်။ ဆပ်ပြာရည်တွေ
ပြောင်စင်သွားအောင် ရေသန့်သန့်နဲ့ အကြိမ်ကြိမ် ပြန်ဆေးဖို့လိုပါတယ်။(ဆပ်ပြာမှုန့်တော့ မသုံးစေချင်ပါ)
GSHOCK နာရီအကြောင်း ဝင်ရောက်လေ့လာနိုင်သည်
အကောင်းဆုံးကတော့ နာရီအိမ် ၊ကြိုးတွေ သီးသန့် ဖြုတ်ဆေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
ဒီလောက်ဆိုရင် နာရီတစ်လုံးဆေးကြောဖို ့အတွက် ဆောင်ရန်လေးတွေနဲ ့ရှောင်ရန်လေးတွေကို
သိစေချင်တဲ့ စိတ်နဲ ့ရေးထားတာမို ့အမှားများပါခဲ့ရင် ခွင့်လွတ့်ကြပါလို့ပြောကြားရင်း အဆုံးသတ်နူတ်ဆက်
လိုက်ပါပြီ....
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။။။။။
အကြည်(Admin)
Comments
Post a Comment