GSHOCK နာရီ အတုနဲ့ ၊အစစ် ဘယ်လိုခွဲခြားမလဲ
*************************************
မင်္ဂလာပါ GSHOCK MANDALAY FAN တို့ရေ
GSHOCK နာရီတစ်လုံး၀ယ်ယူထားပြီး ကိုယ်ဝယ်ထားတဲ့ နာရီက အတုလား ၊ အစစ်လား ဘယ်လို ခွဲခြားကြမလဲ ။ လူတော်တော်များ မေးကြတယ်။ တစ်ချို့တွေကြတော့လည်း နည်းအမျိုမျိုးးနဲ့ကိုယ်နားလည်ထားသလို အတုဆိုတာဘယ်လို ၊ အစစ်ကတော့ဘယ်လိုဆိုပြီး ရေးကြပြောကြတယ်။ ကျွန်တော်ကတော့ ဒီလိုပဲခွဲခြားတယ် ။ အတုဆိုတာ အစစ်မဟုတ်လို့ပေါ့လေ..နောက်တာပါ ။
ဒီတော့ကိုယ်၀ယ်ထားတဲ့ နာရီကြီးက အတု ၊ အစစ် သေချာရှင်းလင်းစွာဖြစ်ဖို့နဲ့မေးမြန်းထားကြတဲ့
GSHOCK Fan များသိစေလိုတဲ့အတွက် ကျွန်တော်ဒီစာလေးရေးဖို့ဖြစ်လာပါတယ်။ကိုယ်သိထားသလောက်နားလည်သလောက်နဲ့ ရေးပြတာမို့ လိုအပ်ချက်ရှိနိုင်ပါတယ် ။ (လေကြောရှည်နေတာနဲ့လိုရင်းမရောက်.)
အဲ့ဒီတော့ ကျွန်တော်တို့ အဓိကသိထားသင့်တာက GSHOCK နာရီတွေကို နိုင်ငံ (၄)နေရာမှာ ပြန်လည်
တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးပါတယ်။ JAPAN နိုင်ငံအပြင် Thailand , Malaysia, China ဆိုပြီး မတူညီတဲ့
နေရာလေးနေရာကနေ တူညီသော CASIO နာရီ အစစ္မ်ားကို ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြစ်ပါတယ်။
GSHOCK နာရီများရဲ့ အကြမ်းခံနိုင်မှု ၊ ရေစိမ်ခံနိုင်မှုနဲ့ နာရီမှာပါ၀င်တဲ့ လုပ်ဆောင်ချက်တွေစုံလင်မှု
တို ့အပြင် လူငယ်တွေအကြား Fashion တစ်ခုအဖြစ်နဲ့၀တ်ဆင်နေကြတာတွေကြောင့် အတုအပေတြ
ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ GSHOCK အစစ်များမှာ Shock resistant,Magnetic resistant
,Water resistant အစရှိတဲ့ နည်းပညာ မြင့်မားစွာနဲ့ထုတ်လုပ်ထားတဲ့ နာရီတွေဖြစ်လို့ GSHOCK အတုနာရီတွေနဲ့ကွာခြားနေမှာဖြစ်ပါတယ်။ ( ဆီ နဲ့ ရေ လိုပါပဲ..)
GSHOCK အစစ်နဲ့ ပုံစံဆင်တူထုတ်လုပ်ထားတဲ့ အတုနာရီတွေဟာ အပြင်ပိုင်း အမြင်မှာအလွန်
သိသာကွာခြားမှုရှိပါတယ်။ GSHOCK နာရီအတုမ်ားဟာ Adjust ,Mode ,Reverse ,Forward ခလုပ္မ်ား
အမှန်အသုံးပြုဆောင်ရွက်နိုင်ခြင်း မရွိတဲ့ နာရီများဖြစ်ပါတယ်။ နာရီအတွင်းပိုင်းလုပ်ဆောင်ချက်တွေဖြစ်တဲ့
Stopwatch ,Timer , World time , Alarm လုပ်ဆောင်ချက်တွေ မပါ၀င်ပဲ ပုံစံတူ အတုအေနနဲ့သာထုတ်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့နာရီဟာ အတု ၊ အစစ်လား စစ်ဆေးချင်ရင်တော့ အထက်ပါကျွန်တော်ပြောပြခဲ့တဲ့ လုပ်ဆောင်ချက်တွေ ပါမပါကို နာရီရဲ ့Mode ခလုပ်ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။
ပုံစံတူ လိုက်လံတုပပြီး ထုတ်လုပ်ထားခြင်းကြောင့် နာရီအတုမျိုးစုံ ရှိနိင်ပါတယ် ။ အဲ့ဒါတွေကြောင့်
နောက်ထပ်နညး်တွေနဲ ့ထပ်မံစစ်ဆေးဖို ့အကြံပြုလိုပါတယ်။
GSHOCKနာရီမ်ားမွာ Model Series အလိုက် သူရဲ ့ Manual User Guide စာအုပ်တွေပါ၀င်ပါတယ်။
ဘာသာစကား (၆) မျိုးနဲ ့ရေးသားထားတဲ ့ အထက်ပါ စာအုပ်မှာ နာရီတစ်ခုလုံးမှာပါ၀င်သော Function
များဖော်ပြထားမှာဖြစ်ပါတယ်။ တချို ့သောနာရီများမှာတော့ User Guide စာရွက်သာ ပါရှိမှာဖြစ်ပါတယ်။
အဲ့ဒီစာအုပ်/စာရွက်ရဲ ့မျက်နှာစာမှာရှိတဲ့ Module NO (5146) ဆိုကြပါစို ့။ အဲ့ဒီနံပါတ် ကိုယ့်နာရီမှာ ပါ၀င်မှု
ရွိမရွိကို နာရီဖင်ပိတ်မှာ ဘောင်လေးခတ်ပြီး ရေးထားတာကို စစ်ဆေးကြည့်ရှုရမှာဖြစ်ပါတယ်။
အဲ့ဒီလုပ်ဆောင်ချက်တွေ ၊ စစ်ဆေးမှုတွေမလုပ်ချင်ဘူး စိတ်ထဲ ရှင်းရှင်းနဲ ့ အစစ်အမှန်တွေသာ ၀ယ်ချင်
တာဆိုရင်တော့ Casio Showroom နဲ ့ GSHOCK နာရီဆိုင်ကြီးတွေမှာ စိတ်ကြိုက်ရွေးချယ် ၀ယ်ယူဖို ့
တိုက်တွန်းအကြံပြုလိုက်ပါတယ်။ (နောက်ဆုံးတော့ ဆိုင်ကြော်ငြာလေး ၀င်ရတာပ ) း)း)..၀ုတ်ဒယ်။။
တကယ်တော့ အကွာကြီးကွာလှတဲ့ အတုနဲ ့အစစ်ဟာ ခွဲခြားစရာမလိုအောင် ကွဲပြားပါတယ်ဆိုတဲ့
အကြောင်းပြောကြားရင်းနဲ ့..ကြေငြာမောင်းခတ် အဲ..မွားလို..း)..း) နိဂုံးချုပ်လိုက်ပါရစေ။။။။
GSHOCK MANDALAY. Youtube Channel ဝင်ကြည့်ရန်
Akyi (Admin)
Comments
Post a Comment