GSHOCK အကြောင်း သိလိုရာမေး အစီအစဥ်

GSHOCK နာရီအကြောင်း...

         သိချင်တာမေး ၊ သိတာလေးဖြေ (အပိုင်း-၁)
**************************************


အမေး ။   ။ GSHOCK နာရီမှာပါတဲ့ Magnetic resistant ဆိုတာဘာကိုပြောတာလဲ ခင်ဗျ?။

အဖြေ ။   ။ GSHOCK နာရီတစ်ချို့မှာပါ၀င်သော Magnetic resistant ဆိုတာက​တော့ နာရီရဲ့စက်အစိတ်အပိုင်းတွေကို သံလိုက်ဓါတ် ၀င်ရောက်မှုမရှိအောင်ခုခံကွာကွယ်နိုင်တဲ့ နာရီများဖြစ်ပါတယ်။ နာရီတွေရဲ့ စက်အစိတ်အပိုင်းတွေမှာ သံလိုက်ဓါတ်ကူးစက်သွားခဲ့ရင် အချိန်နောက်ကျမှုနဲ့ စက်ပိုင်းချို့ယွင်းမှုတို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့တန်ဖိုးကြီး နာရီတွေမှာ သံလိုက်ဓါတ်၀င်ရောက်မှု မရှိအောင် အဆင့်မြင့်တင်ဆောင်ရွက်လာခဲ့ကြတာဖြစ်ပါတယ်။

အမေး ။    ။ GSHOCK နာရီ Auto Light ပါတယ်ဆိုတာ ဘာကိုပြောတာပါလဲ ခင်ဗျ..?။

အဖြေ ။    ။ Auto Light ပါ၀င်သော နာရီဆိုတာ Light ခလုတ် နှိပ်စရာမလိုပဲ ။ မိမိလက်မှာ ၀တ်ဆင်ထားသောနာရီကို ၄၅ံ ဒီဂရီခန့်စောင်းကြည့်ရုံဖြင့် ၊ Auto မီးလင်းပေးတာဖြစ်ပါတယ်။ Auto Light ON ထားမှ၄၅ံ ဒီဂရီစောင်းကြည့်ရင် မီးလင်းမှာဖြစ်ပါတယ်။ Auto Light အမြဲဖွင့်ထားရင် လက်လှုပ်ရှားမှုအပေါ်မူတည်ပြီး Auto Light မီးလင်းနေမှာမို့ Battery အားပိုကုန်စေပါလိမ့်မယ်။ အဲ့ဒီအတွက်ကြောင့် Auto Light ONထားပြီး (၆)နာရီကြာသွားရင် Auto Light OFF အလိုလိုပြန်ဖြစ်သွားပါတယ်။

အမေး ။     ။ GSHOCK နာရီ အိမ် ၊ ကြိုးများ အသစ်၀ယ်ယူလဲလှယ်လို ့ရပါသလား ခင်ဗျ..?။

အဖြေ ။   ။ GSHOCK နာရီ Model တိုင်းမရနိုင်ပါ ။ ကိုယ့်နာရီဖြင့် ကိုက်ညီသော နာရီ အိမ် ၊ ကြိုး ရှိမရှိကို
Service တွင်မေးမြန်း၀ယ်ယူကြည့်ရမှာဖြစ်ပါတယ်။ နာရီ ၀ယ်ယူစဥ်က ဘောင်ချာ ၊ အာမခံကဒ်
တစ်ခုခုပြသပြီး  Service တွင်ရှိနေသော နာရီ အိမ် ၊ ကြိုးများသာ ၀ယ်ယူရရှိနိုင်ပါသည်။
GSHOCK နာရီ Video များဝင်ကြည့်ရန်

                     ရွှင်လန်းချမ်းမြေ့ကြပါစေ။
                     
                                              အကြည်

Comments

Popular posts from this blog

GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက

Edific ECB-500 အချိန်တိုက်နည်း

GA-110 နာရီအချိန်တိုက်နည်း