GSHOCK အကြောင်း သိလိုရာမေး အစီအစဥ်

GSHOCK နာရီအကြောင်း... သိချင်တာမေး ၊ သိတာလေးဖြေ (အပိုင်း-၁) ************************************** အမေး ။ ။ GSHOCK နာရီမှာပါတဲ့ Magnetic resistant ဆိုတာဘာကိုပြောတာလဲ ခင်ဗျ?။ အဖြေ ။ ။ GSHOCK နာရီတစ်ချို့မှာပါ၀င်သော Magnetic resistant ဆိုတာကတော့ နာရီရဲ့စက်အစိတ်အပိုင်းတွေကို သံလိုက်ဓါတ် ၀င်ရောက်မှုမရှိအောင်ခုခံကွာကွယ်နိုင်တဲ့ နာရီများဖြစ်ပါတယ်။ နာရီတွေရဲ့ စက်အစိတ်အပိုင်းတွေမှာ သံလိုက်ဓါတ်ကူးစက်သွားခဲ့ရင် အချိန်နောက်ကျမှုနဲ့ စက်ပိုင်းချို့ယွင်းမှုတို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့တန်ဖိုးကြီး နာရီတွေမှာ သံလိုက်ဓါတ်၀င်ရောက်မှု မရှိအောင် အဆင့်မြင့်တင်ဆောင်ရွက်လာခဲ့ကြတာဖြစ်ပါတယ်။ အမေး ။ ။ GSHOCK နာရီ Auto Light ပါတယ်ဆိုတာ ဘာကိုပြောတာပါလဲ ခင်ဗျ..?။ အဖြေ ။ ။ Auto Light ပါ၀င်သော နာရီဆိုတာ Light ခလုတ် နှိပ်စရာမလိုပဲ ။ မိမိလက်မှာ ၀တ်ဆင်ထားသောနာရီကို ၄၅ံ ဒီဂရီခန့်စောင်းကြည့်ရုံဖြင့် ၊ Auto မီးလင်းပေးတာဖြစ်ပါတယ်။ Auto Light ON ထားမှ၄၅ံ ဒီဂရီစောင်းကြည့်ရင် မီးလင်းမှာဖြစ်ပါတယ်။ Auto Light အမြဲဖွင့်ထားရင် လက...