Posts

Showing posts from May, 2020

GSHOCK အကြောင်း သိလိုရာမေး အစီအစဥ်

Image
GSHOCK နာရီအကြောင်း...          သိချင်တာမေး ၊ သိတာလေးဖြေ (အပိုင်း-၁) ************************************** အမေး ။   ။ GSHOCK နာရီမှာပါတဲ့ Magnetic resistant ဆိုတာဘာကိုပြောတာလဲ ခင်ဗျ?။ အဖြေ ။   ။ GSHOCK နာရီတစ်ချို့မှာပါ၀င်သော Magnetic resistant ဆိုတာက​တော့ နာရီရဲ့စက်အစိတ်အပိုင်းတွေကို သံလိုက်ဓါတ် ၀င်ရောက်မှုမရှိအောင်ခုခံကွာကွယ်နိုင်တဲ့ နာရီများဖြစ်ပါတယ်။ နာရီတွေရဲ့ စက်အစိတ်အပိုင်းတွေမှာ သံလိုက်ဓါတ်ကူးစက်သွားခဲ့ရင် အချိန်နောက်ကျမှုနဲ့ စက်ပိုင်းချို့ယွင်းမှုတို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့တန်ဖိုးကြီး နာရီတွေမှာ သံလိုက်ဓါတ်၀င်ရောက်မှု မရှိအောင် အဆင့်မြင့်တင်ဆောင်ရွက်လာခဲ့ကြတာဖြစ်ပါတယ်။ အမေး ။    ။ GSHOCK နာရီ Auto Light ပါတယ်ဆိုတာ ဘာကိုပြောတာပါလဲ ခင်ဗျ..?။ အဖြေ ။    ။ Auto Light ပါ၀င်သော နာရီဆိုတာ Light ခလုတ် နှိပ်စရာမလိုပဲ ။ မိမိလက်မှာ ၀တ်ဆင်ထားသောနာရီကို ၄၅ံ ဒီဂရီခန့်စောင်းကြည့်ရုံဖြင့် ၊ Auto မီးလင်းပေးတာဖြစ်ပါတယ်။ Auto Light ON ထားမှ၄၅ံ ဒီဂရီစောင်းကြည့်ရင် မီးလင်းမှာဖြစ်ပါတယ်။ Auto Light အမြဲဖွင့်ထားရင် လက...
Image
GSHOCK နာရီ အချိန်တိုက်နည်းများ. ********************************** မူရင်း Channel Link: https://bit.ly/2yFpsWB GSHOCK ********** GA-700/710 နာရီအချိန်တိုက်နည်း https://bit.ly/2VDYrvK GA-800/810 နာရီအချိန်တိုက်နည်း https://bit.ly/3cNgyVH GA-1000 နာရီအချိန်တိုက်နည်း https://bit.ly/2xOk97j GA-400 နာရီအချိန်တိုက်နည်း https://bit.ly/2Kx1H5K GA-200/201 နာရီအချိန်တိုက်နည်း https://bit.ly/2yO9fhG GA-2000 နာရီအချိန်တိုက်နည်း https://bit.ly/3cNh7ih GMAS-120 နာရီအချိန်တိုက်နည်း https://bit.ly/2y2NWce GA-100 နာရီအချိန်တိုက်နည်း https://bit.ly/3cONHR4 Casio Edifice ************* EQB-900 နာရီ အချိန်တိုက်နည်း https://bit.ly/3bGv0yz မိမိမိတ်ဆွေ သူငယ်ချင်းများ ၊ GSHOCK နာရီ ချစ်သူများ  သိရှိလေ့လာနိုင်စေရန် Like and share ပြုလုပ်နိုင်ပါသည်။ #gshock#gshockmandalay#gshockcollector #gshockmyanmar#နာရီအချိန်တိုက်နည်း
Image
Master Of G Series များနှင့် ပြောင်းလဲလာသော Trend GSHOCK MANDALAY Youtube Channel ကိုဒီနေရာကနေ ဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ် "Master of G Series များနှင့်ပြောင်းလဲလာသော Trend" မနက်က ကို Kevin Kyaw တင်ထားတဲ့ Postလေးကို ဖတ်ပြီး အတွေးနယ်ချဲ့ကြည့်မယ်ဗျာ Master of G seriesရဲ့ အစတွေကို နှိုက်နှိုက်ချွတ်ချွတ်မသိခဲ့ပေမယ့် လူသိများပြီး ရောင်းအား ကောင်းခဲ့တဲ့ မော်ဒယ်တွေကပဲစပြီး ပြောပါမယ်။ >Master of G series ဆိုတာဘာလဲ ပတ်နေကြသူတွေ သိပြီးသားသူတွေရှိပါတယ် အကြမ်းဖျင်းပြောရရင်တော့ ရိုးရိုးသာမာန်  G-shock ထက်ကိုမှ ဆင်ဆာတွေ Tough Solarတွေနဲ့ ထူးခြားစွာအသုံးချနိုင်ဖို့ အတွက် ထုတ်ထားတဲ့မော်ဒယ်တွေပါ။ ကုန်းကြောင်း ရေကြောင်း လေကြောင်း စသည်ဖြင့် တောင်တက်သမားတွေ လေယာဉ်မှူးတွေ အတွက် တကယ်လည်းအသုံးဝင်အောင် ထုတ်ပေးထားတဲ့ မော်ဒယ်တွေပါ series ပေါ်မူတည်ပြီး သံလိုက်အိမ် ‌‌မြောင် ပါတာတွေ အမြင့်ပေ အပူချိန် လေဖိအားဒီရေလှိုင်း တွက်တာ စသည်ဖြင့် ကွန်ပျူတာတစ်လုံးလက်မှာ ပတ်ထားသကဲ့သို့ စုံလင်စွာပါပါတယ် >G-shock နှင့်ပြောင်းလဲ‌လာသော Trend  အခုနှောင်စပိုင်းမှာ G-shockရဲ့ အရမ်းအောင...
Image
GSHOCK နာရီ အတုနဲ့ ၊အစစ် ဘယ်လိုခွဲခြားမလဲ ************************************* မင်္ဂလာပါ GSHOCK MANDALAY FAN တို့ရေ  GSHOCK နာရီတစ်လုံး၀ယ်ယူထားပြီး ကိုယ်ဝယ်ထားတဲ့ နာရီက အတုလား ၊ အစစ်လား ဘယ်လို ခွဲခြားကြမလဲ ။ လူတော်တော်များ မေးကြတယ်။ တစ်ချို့တွေကြတော့လည်း နည်းအမျိုမျိုးးနဲ့ကိုယ်နားလည်ထားသလို အတုဆိုတာဘယ်လို ၊ အစစ်ကတော့ဘယ်လိုဆိုပြီး ရေးကြပြောကြတယ်။ ကျွန်တော်ကတော့ ဒီလိုပဲခွဲခြားတယ် ။ အတုဆိုတာ အစစ်မဟုတ်လို့ပေါ့လေ..နောက်တာပါ ။     ဒီတော့ကိုယ်၀ယ်ထားတဲ့ နာရီကြီးက အတု ၊ အစစ် သေချာရှင်းလင်းစွာဖြစ်ဖို့နဲ့မေးမြန်းထားကြတဲ့ GSHOCK Fan များသိစေလိုတဲ့အတွက် ကျွန်တော်ဒီစာလေးရေးဖို့ဖြစ်လာပါတယ်။ကိုယ်သိထားသလောက်နားလည်သလောက်နဲ့ ရေးပြတာမို့ လိုအပ်ချက်ရှိနိုင်ပါတယ် ။ (လေကြောရှည်နေတာနဲ့လိုရင်းမရောက်.) အဲ့ဒီတော့ ကျွန်တော်တို့ အဓိကသိထားသင့်တာက GSHOCK နာရီတွေကို နိုင်ငံ (၄)နေရာမှာ ပြန်လည် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးပါတယ်။ JAPAN နိုင်ငံအပြင် Thailand , Malaysia, China ဆိုပြီး မတူညီတဲ့  နေရာလေးနေရာကနေ တူညီသော CASIO နာရီ အစစ္မ်ားကို ထုတ်လုပ်ဖြန့်ဖြူးခြင်းဖြစ်ပါတယ်။      ...

GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက

Image
G-shock နာရီဓာတ်ခဲလဲနည်း ====================                    ကိုယ်တိုင်ဖြုတ်တပ်ခြင်း၊ ကလိခြင်း ကိုဝါသနာပါသူများအတွက် ဖြစ်ပါသည်။ ဗဟုသုတရလိုသူများလည်း ဆက်လက်ဖက်ရှုနိုင်ပါသည်။ အနည်းဆုံးတော့ နာရီတစ်လုံးကို ဘယ်လိုစနစ်တကျ ဖွင့်ပြီး ဘယ်လိုဓာတ်ခဲလဲ၊ ဘယ်လိုစနစ်တကျ ပြန်တပ်ရသလဲဆိုတာတွေ သိနိုင်ပါမယ်။                      နာရီဓတ်ခဲ စနစ်တကျလဲမယ်ဆိုရင် အောက်ပါပစ္စည်းလေးများလိုပါမည်။ ၁) နာရီနောက်အဖုံးဖွင့်ရန် အပေါင်း ဝက်အူလှည့်။  အနုတ်ဝက်အူလည့်ကို လုံး၀မသုံးပါနှင့်။ ဝက်အူခေါင်းပြုန်းနိုင်သည်။ ၂) ဝက်အူလေးများထည့်ရန် ခွက်/ပန်းကန် ၃) ပင်အပ်အသေး (သို့) အင်္ကျီချုပ်အပ်အသေးတစ်ချောင်း ၄) Silicone grease container (Gasket ကို silicon သုပ်ရန်) ၅) ဇာဂနာ တစ်ချောင်း (Stainless steel) ၆) ကော် ဇာဂနာ တစ်ချောင်း ၇) အနုက်ဝက်အူလည့် အသေး (နာရီကြိုး ဖြုတ်ရန်) ၈) ဓာတ်ခဲသစ် ၁ လုံး   ပစ္စည်းတွေစုံပြီဆိုရင် အေက်ပါအစီအစဉ်အတိုင်းစနိုင်ပါပြီ              ...

GSHOCK နာရီ Alarm ဘာကြောင့်မမြည်

Image
G-shock များ၌ Alarm, Beep အလုပ်မလုပ်ခြင်း သည်ဘာ့ကြောင့်??? =====================================                    Casio G-Shock နာရီများမှအသံထွက်ခြင်းကို Alarm နှင့် Beep ဟူ၍ ၂ မျိုးခွဲနိုင်ပါသည်။ Alarm ကတော့ နိုးစက်/အချက်ပေးမှု ပေါ့။ Beep ကတော့ နာရီခလုပ်တွေနှိပ်တဲ့အခါ တတီတီ မြည်တာပါ။                     အဲလိုအသံမြည်ဖို့ ကို နာရီနောက်ဖုံး အတွင်း၌ ပါးလွှာသော အဝိုင်းပြားကလေးကပ်ပေးထားပါသည်။ ၎င်းအဝိုင်းပြားလေးကို Piezo electric ပြားဟုခေါ်ပါသည်။ အသံထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်သော စွမ်းအားကိုတော့ နာရီဓာတ်ခဲမှ ရယူပါသည်။ နာရီ အဖုံးဖွင့် လိုက်သောအခါ အတွင်း၌ နာရီစက်မျက်နှာပြင်အပေါ်သို့ထိုးထွက်နေသော အရာ ၂ ခုရှိပါသည်။ တစ်ခုက သေးငယ်သော စပရိန်နှင့် နောက်တစ်ခုက သံပြားအသေးလေးဖြစ်သည်။ ထိုအရာ ၂ ခုသည်နာရီအဖုံးပိတ်ထားသောအခါ အထက်က အဝိုင်းပြားလေး နှင့် အဖုံးတို့ကို သွားထိနေကြခြင်းဖြင့် လျှပ်စစ်စွမ်းအားရကာ အသံကို ထုတ်လုပ်နိင်ခြင်းဖြစ်သည်။ တစ်ချို့ model များတွင် စပရိန်အစားသံပြားအသေးလေး J ခုပါရှိတတ်သည...
Image
Casio G-Shock နာရီများ၏ Model code နံပါတ်ကိုဘယ်လိုဖတ်??? ====================================             ၂၀၀၈ ခုနှစ်တွင် Casio G-Shock နာရီတစ်လုံးစရခဲ့သည်။ တစ်နေရာကပြန်လာသော ဘကြီးလက်ဆောင်ပေးခြင်းဖြစ်သည်။ အဲဒီတုန်းက Casio G-Shock ကိုကြားတော့ကြားဖူးသည်။ ဈေးကြီးတဲ့ ပလက်စတစ်နာရီ ဟုသာသိခဲ့သည်။ သာမန် Casio နာရီလေးတွေတော့ပတ်ခဲ့ဖူးပါသည်။               လက်ဆောင်ရခဲ့တဲ့ G-Shock လေးကနဲနဲဆန်းတယ်(ထိုခေတ်ထိုအခါကပေါ့ဗျာ)။ solar power, world time, Auto EL light မီးစုန်း ပါ။ Memory  အခု ၃ဝ လောက်လဲမှတ်နှိုင်။ ဒိုင်ခွက်ကလေးကလည်း ဆန်းတယ််။ ဒီနာရီလေးနဲ့ သင်္ကြန်မှာကဲတော့လည်း ရေစိုခံနိုင်။ နာရီလေးက Size မကြီး၊မသေး ဆိုတော့ လက်မှာပတ်ရတာတော်တော်လေး အဆင်ပြေတယ်။                ကျွန်တော့ဒီနာရီလေးကို တွေ့ပြီး သူငယ်ချင်းတစ်ယောက်က ကြိုက်လို့ သူ့အသိတစ်ယောက်နဲ့  နိုင်ငံတစ်ခုမှ မှာလိုက်တယ်။ နာရီသူ့လက်ထဲရောက်လာတော့ ကျွန်တော့နာရီလိုမဟုတ်ဖူး။ ဖွဲ့စည်းတည်ဆောက်ပုံအားလုံးတူတယ်။ Function တွေအားလုံးလ...
Image
Casio G-Shock နာရီအချို့တွင် တွေ့ရသော "Tough MVT." ဆိုတာ ??? ====================================                    တစ်ချို့ G-shock နာရီအချို့တွင် "Tough MVT."ဆိုသော စာလုံးစုကို နာရီမျက်နှာပြင်ပေါ်မှာ(သို့) နာရီနောက်ဘက် အဖုံးတွင် ရေးထွင်းထား တတ်သည်။ Tough MVT. logo တံစိပ် ကိုလဲ နာရီနောက်ဘက် အဖုံးတွင် ရေးထွင်းထား တတ်သည်။                     ဤနာရီအားလုံးသည် လက်တံပါသောနာရီများဖြစ်သည်။ လက်တံပါသော နာရီတိုင်းလိုလို၏ အားနည်းချက်သည် အနည်းငယ်သောအမြင့်မှပြုတ်ကျလျှင်ပင် နာရီလက်တံများ ပြုတ်ထွက်သွားတတ်သည်။ ပြုတ်ကျသည့်ဒဏ်ကြောင့် လက်တံများပြုတ်ထွက်ရုံသာမက နာရီ၏အချိန်မှန်ကန်စွာဖော်ပြနိုင်မှုကိုလည်း ထိခိုက်စေနိုင်သည်။                    ဤသည်တို့ကိုကာကွယ်ရန် Casio သည် ၎င်း၏ လက်တံပါသော G-shock နာရီ model မြင့် များတွင် Triple G Resist ဟုခေါ်သော နည်းပညာကို ထည့်သွင်း အသုံးပြုထားပါသည်။                   ...
Image
Casio G-shock, Baby G နာရီများတွင် ရေးထားသော "Wave ceptor" "Multi Band 5" "Multi Band 6" ဆိုတာ ဘာတွေလဲ ??? ===================================== သာမန် Casio နာရီအချို့၊ Casio G-Shock နာရီများ၊ Casio Baby G နာရီများတွင် "Tough solar" စာလုံးစုအပြင် "Wave ceptor" သို့ "Multi Band 5" သို့ "Multi Band 6" ဆိုသော စလုံးစုများကို မြင်ဖူးကြလိမ့်မည်။                   ထိုဖော်ပြချက် စလုံးစုမျာပါးရှိသော နာရီများသည် အချိန်ကို တိကျမှန်ကန်စေရန်သူ့အလိုလို auto ချိန်ညှိနိင်စွမ်းရှိပါသည်။ ထိုနာရီများရှိ အဆိုပါ function ကို ON ထားလိုက်လျှင် နာရီသည် ညသန်းကောင်အချိန်တွင် ထိုအလုပ်ကိုလုပ်ဆောင်ပါသည်။ battery အားကိုလည်း ထိုက်သင့်သလောက် ကုန်စေပါသည်။ ထို့ကြောင့် ထိုစလုံးစုမျာပါးရှိသော နာရီများ (G-shock နှင့် Baby G အားလုံး) သည်များသောအားဖြင့်  Tough solar နာရီများဖြစ်ကြသည်။ Casio နာရီတိုင်းလိုလိုသည် တစ်လကို အချိန် error +/- ၃၀ စက္ကန့်လောက်ရှိပါသည်။ အချိန်တိကျမှုရှိစေရန် ၎င်း error ကိုညစဉ် ခြေဖျောက်ပေးခြင်း ဖြစ်ပါသည်။           ...
Image
GSHOCK /BABYG နာရီတွေ ညစ်ပေရင် ဘယ်လိုဆေးကြောရမှာလဲ မင်္ဂလာပါGSHOCK MANDALAY FAN          GSHOCK/BABYG နာရီတွေ ညစ်ပေခဲ့ရင်၊ဘယ်လိုဆေးကြောလို ့ရသလဲ။ တကယ်ကိုသိထားသင့် သောကိစ္စလေးဖြစ်ပါတယ်။ နာရီတွေဟာ လက်မှာအမြဲ၀တ်ဆင်ထားကြတာမို ့ အလြယ္တကူကို ညစ်ပေ လွယ်စေပါတယ်။ နေ့စဉ်နဲ့အမျှအသုံးပြု ၀တ်ဆင်နေပေမဲ့ ကျွန်တော်တို့တွေဟာ နာရီကိုသန့်ရှင်းအောင်ပြု လုပ္ဖို ့ကိစ္စမေ့နေခဲ့ကြပါတယ်။ တစ္လေနလို ့တစ်ခါတောင် နာရီကို ဆေးကြောသန့်ရှင်းဖို ့မလုပ်ကြပါဘူး။ အောက်မှာဖော်ပြထားတဲ့ ကျွန့်တော့နာရီဆို (၆)လလောက်ရှိပြီဆေးကြောမှုမလုပ်ဖြစ်ခဲ့ဘူး(ကိုယ်ညစ်ပတ် တာလူတွေသိပါပြီ.) တက်နိုင်ဘူးအေရေးရမှာပါပဲ။         GSHOCK,BABYG နာရီတွေမှာ အရောင်စုံ ၊ ကာလာစုံနဲ့လာတာမို ့အရောင်နုလေးတွေ နဲ ့အရောင် ဖျော့ဖျော့လေးတွေဆို ၀ယ်ယူစဉ်ကပင် စဉ်းစားရွေးချယ်သင့်ပါတယ်။ အလွယ်တစ်ကူညစ်ပေစေနိုင်တဲ့ အရောင်တွေဖြစ်လို ့စွန်းထင်းသွားခဲ့ရင် တကယ္ကို ပြန်ဖျက်ဖို ့ခက်ခဲစေမှာဖြစ်ပါတယ်။ အောက်ဓါတ်ပုံထဲ ကလိုအညစ်ပေခံတဲ့ အရောင် ၊အနက်ရောင် (သို) အရောင်ရင့်ရင့်တွေအတွက်ကတော့ ကျွန်တော့်လိုမျိုး (၆)လေနမွ တစ်ခါဆ...
Image
GA-700 / 710 0 Setting ချနည်း ************************************** မင်္ဂလာပါ.   ကျွန်တော် ပြီးခဲ့တဲ့ တစ်ပါတ်က GA-110 0  Setting ချနည်းပြောပြခဲ့ပါတယ်။ GSHOCK နာရီအချိန်တိုက် နည်းကလွယ်ကူရိုးရှင်းပါတယ်။ Digital နာရီမှန်အောင်တိုက်ပေးလိုက်တာနဲ ့ Analog လက်တံအချိန်တွေ Auto တိုက်ပေးတာမို ့တကယ္ကို လြယ္ကူတဲ့ နာရီတိုက်နည်းပါ။             နာရီအချိန်တိုက်ဖို့လုပ်ဆောင်ချက်တွေ လေ့လာရင်း နာရီရဲ့ Setting ချထားတဲ့ အပိုင်းထိ ၀င်ရောက် နှိပ်ရင်း  ၊ပြုရင်းနဲ ့Setting တွေလွဲကုန်တက်ပါတယ်။ အဲ့ဒီအခါမှာတော့ အစောကကျွန်တော်ပြောသလို သာမန်အချိန်တိုက်နည်းနဲ့တိုက်မရတော့ပဲ နာရီ Digital အချိန် ဘယ်လိုတိုက်တိုက် လက်တံတွေက သူပြချင်တဲ့အချိန်လိုက်ပြနေတော့ အခက်အခဲတွေဖြစ်ကုန်ကြရပါတယ်။        အခုကျွန်တော်ပြောပြထားတဲ့  0 Setting တိုက်နည်းလေးသာ သိထားခဲ့ရင် အရမ်းကိုလွယ်ကူနေ တဲ့ကိစ္စလေးမို့ ချက်ချင်းဖြေရှင်းနိုင်မှာပါ။ ကိုယ့်မိတ်ဆွေ သူငယ်ချင်း နာရီလေး ကောက်ယူပြီး အခုပြောပြ တဲ့ ပုံသေထားရမဲ ့လုပ်ဆောင်ချက်တွေထဲက နည်းနည်းလောက် လွဲစေအောင်လုပ်ပြီး သ...

GBA-400 GMIX (Bluetooth) နာရီ ဘာတွေ အသုံးပြုလို့ရလဲ

Image
GSHOCK နာရီ Review Video များကို ဝင်ရောက်ကြည့်နိုင်သည် "GMIX (GBA-400) မှာBluetooth လုပ်ဆောင်ချက်က ဘာတွေသုံးလို့ရလဲ" Music Control **************** GMIX နာရီတွေမှာ Bluetooth ပါ၀င်တာကြောင့် Smart Phone ဖြင့် ချိတ်ဆက်ပြီး Music Contorlလုပ်ဆောင်နိုင်ပါတယ်။ ပထမဦးစွာမိမိရဲ့ဖုန်းအတွင်း GMIX,GSHOCK+ Application ထည့်သွင်းထားပြီး နာရီရဲ့Bluetooth နဲ့ချိတ်ဆက် အသုံးပြုရမှာဖြစ်ပါတယ်။ သီချင်းကျော်ခြင်း ၊ ရပ်ခြင်း ၊အသံအတိုးအကျယ်ပြုခြင်းတို့ကို နာရီမှ ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ GMiX App ဒေါင်းရန်  https://bit.ly/2y69qoD GSHOCK+ App ဒေါင်းရန်  https://bit.ly/3bIR4c9 Watch Setting ***************  ဖုန်းထဲရှိ GSHOCK+ App ကိုအသုံးပြုပြီး နာရီအချိန်များ Control ပြုလုပ်နိုင်သည်။ World Time Setting များ၊ Basic Time Setting များ ၊ Alarm Time များ ၊Timer Setting အစရှိသည်တို့ကို App ထဲကနေ နာရီကို Control လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ Phone Finder *************** ဒါ့အပြင် Phone Finder လုပ်ဆောင်ချက်​ပါဝင်တာကြောင့် မိမိ Bluetoothချိတ်...

GSHOCK နာရီ အဟောင်းတစ်လုံးဝယ်ယူမယ်ဆို

Image
Casio G-Shock နာရီ အဟောင်းတစ်လုံးကို ဝယ်မယ်ဆို ဘာတွေစစ်သင့်သလဲ ??? ===================================== ကျွန်တော်တို့ ယနေ့တွင် G-Shock နာရီ များကို အသစ်ဝယ်ပတ်တာရှိသလို အချင်းချင်းလဲပတ်တာလဲရှိ၊ အဟောင်းပြန်ဝယ်တာလဲရှိ၊ အကြွေးနဲ့ခြေပြီးရတာလည်း ရှိမည်။ အဲသလို နာရီဟောင်းတစ်လုံးကိုလက်ခံမည်ဆိုလျှင် အောက်ပါ အချက်များကို စစ်ဆေးပြီးမှ လက်ခံရန် တိုက်တွန်းအပ်ပါသည်။ ၁) အစစ်ဟုတ်မဟုတ်စစ်ဆေးခြင်း ------------------------------------------------ တစ်ချို့က G-Shock နာရီကိုမြင်ရုံနှင့် အတုအစစ်ခွဲတတ်သည်။ တစ်ချို့က လက်ထဲကိုင်ကြည့်မှသိသည်။ အတုအစစ်မခွဲတတ်/မသေချာ ဘူးဆိုရင်တော့ နာရီနောက်ဖုံးမှာရှိသော model နံပါတ်ကို Google မှာ ရိုက်ထည့်ပြီးရှာကြည့်ပါ။ Google မှပုံနှင့် လက်ထဲရှိအလုံးကို သေချာစွာတိုက်ဆိုင်စစ်ဆေးပါ။ ၂) အပြစ်အနာအဆာစစ်ဆေးခြင်း ------------------------------------------------ တစ်ချို့နရီအဟောင်းတွေ သည် အသစ်လောက်နီးပါးလတ်တာတွေ ရှိသည်။ တစ်ချို့ကတော့ခြစ်ရာ၊ပွန်းရာ၊ပဲ့ရာ ပါလိမ့်မည်။ သာမန် ပွန်းပဲ့ခြစ်ရာလောက်ကတော့ လက်ခံနိုင်ပါသည်။ အောက်ပါအချက်များတွေ.လျှင် ထိုနာရီကိုမယူသင့်ပါ။ က) နာရ...

Edific ECB-500 အချိန်တိုက်နည်း

Image
Model No – ECB-500 Usage of Edifice ( ECB-500 ) Bluetooth Function connection with Mobile Phone For IOS Version (7.0) Download Apple Store ( CASIO WATCH + ) For Android Version (4.4) Download Play Store App & MoboMarket App ( CASIO WATCH + ) Android ( CASIO WATCH + ) App Link https://play.google.com/store/apps/details?id=com.casio.watchplus                             ·        Edifice Bluetooth (EQB-500) နာရီ နှင့် ဖုန်းဖြင့်စတင်ချိတ်ဆက်နိုင်ရန်ဖုန်းတွင် CASIO WATCH +                       Softwareကို Install လုပ်ပေးပါ။ ပြီရင်နာရီကို ပုံတွင် ပြထားသည့်အတိုင်း (A) ခလုတ်ကို ဖိထားပေးပါ ၊                            (SET) ဆိုတဲ့စာတန်း အောက်ဆုံး ဒိုင်းကွက်လေးမှာ ပေါ်ရင်လွတ်လိုက်ပါ။ပြီးရင် (c)ခလုပ်ကို (5) စက္ကန့်        ...